- မင်း ချစ်ရတဲ့ သူငယ်ချင်း တွေကို ဆုံးရှုံးလာမယ်...
သစ္စာဖောက်တာခံရမယ်...အချို့သူငယ်ချင်းတွေက မင်းနဲ့ဝေးရာကို ပြောင်းသွားကြမယ်...
မင်း ချစ်ရတဲ့ သူငယ်ချင်းတွေကနေ သူစိမ်းတွေ ဖြစ်သွားမယ်။
- (၁၈)နှစ်ပြည့်ပြီးနောက်ပိုင်း...မင်းမိဘတွေဆီကနေ လက်ဖြန့်တောင်းရတာ ရှက်တတ်လာမယ်...မင်း ဖုန်းအသစ်ဝယ်ချင်လား? ကုန်ကျငွေတစ်ဝက်ကို မင်းပေးရဖို့ အချိန်ပိုင်းအလုပ်တွေ မင်းရှာတတ်လာမယ်... ။
- မင်းဟာ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာကို နားလည်လာမယ်...မင်းမိဘတွေကလည်း မိသားစုကိစ္စတွေမှာ မင်းရဲ့ထင်မြင်ချက်ကို မေးလာမယ်...မင်းရဲ့မိဘတွေက မင်းအတွက် ဘယ်လောက် စွန့်လွှတ်အနစ်နာခံထားမှန်း မင်းနားလည်လာမယ်..။
- မင်းထက်ငယ်တဲ့ မင်းညီ၊မောင်လေး သို့မဟုတ် မင်းညီမလေးက မင်းဆီ အကြံဉာဏ်လာတောင်းတဲ့အခါ သူတို့ကို လမ်းပြပေးပြီး စောင့်ရှောက်လာလိမ့်မယ်..။
မင်းသိလား...ကိုယ် မင်းကို ကြောက်အောင်ခြောက်နေတာ မဟုတ်ဘူးနော်..✨
▪ မင်းအသက် (၁၈)နှစ် ပြည့်ပြီးနောက်ပိုင်း မင်းဘဝ ပြောင်းလဲလာလိမ့်မယ်....
▪ မင်း သူငယ်ချင်း အသစ်တွေ ရလာမယ်
တစ်ချိန်တည်းမှာပဲ မင်း သူငယ်ချင်း တွေကို ဆုံးရှုံးလာမယ်
▪ မင်း ချစ်တတ်လာမယ်...
အသည်းကွဲတာ ခံစားရမယ်...
▪ မင်း သူငယ်ချင်းတွေ လက်တွဲဖော်ရသွားတာကို မင်းကြည့်နေရမယ့်... :3
ဘာပဲဖြစ်ဖြစ် အသက်(၁၈)နှစ်ပြည့်ပြီးတဲ့နောက်မှာ အဲဒါတွေ အကုန်လုံး ဖြစ်လာတဲ့အခါ မင်း လက်ခံလိုက်ပါ..
ဘာလို့လဲဆိုတော့ အဲဒီနေ့ရက်တွေက မင်းနဲ့အတူ ရှင်သန်သွားမှာမို့လို့ပါ...။✨✨









