Phway's Book Shop Telegram channel photo

Phway's Book Shop

@phwaybookshopPublic Channel

Books

262

Last views

2.5k (2,479 subscribers)
Members
—
Rating
40
Total Posts
Oct 15, 2026, 6:15 PM
Updated
Apr 11, 2026
Created
Stats

Sie sehen Inhalte auf Deutsch. Um Inhalte in anderen Sprachen zu sehen, ändern Sie die Sprache der Website.

Channel Information

Channel Information
Channel NamePhway's Book Shop
Username@phwaybookshop
CategoryEbooks & Studienmaterial
LanguageDeutsch
CountryDeutschland
Members2,479
Channel TypePublic Channel
Created11. Apr. 2026
Last Updated15. Okt. 2026 • vor 6 Tagen
StatusActive

Ranking

Global Ranking
#93575+357
Language Ranking
#1680+2
Category Ranking
#741+12

Participant Growth

Total: 2.5K30 Days growth: +562.3%
09/1609/2109/2610/0110/0610/1110/15
Participant Growth - 30 Days
DateSubscribers
16:09:20262,423
17:09:20262,423
18:09:20262,437
19:09:20262,437
20:09:20262,437
21:09:20262,437
22:09:20262,437
23:09:20262,437
24:09:20262,437
25:09:20262,437
26:09:20262,437
27:09:20262,437
28:09:20262,437
29:09:20262,437
30:09:20262,437
01:10:20262,437
02:10:20262,437
03:10:20262,437
04:10:20262,437
05:10:20262,437
06:10:20262,437
07:10:20262,437
08:10:20262,437
09:10:20262,437
10:10:20262,437
11:10:20262,437
12:10:20262,437
13:10:20262,437
14:10:20262,437
15:10:20262,479
Participant Growth - Weekly
DateSubscribers
Week of 06:04:20261,832
Week of 13:04:20261,831
Week of 20:04:20261,831
Week of 27:04:20261,851
Week of 04:05:20261,851
Week of 11:05:20261,851
Week of 18:05:20261,879
Week of 25:05:20261,879
Week of 01:06:20261,879
Week of 08:06:20261,879
Week of 15:06:20261,879
Week of 22:06:20261,879
Week of 29:06:20262,091
Week of 06:07:20262,091
Week of 13:07:20262,091
Week of 20:07:20262,091
Week of 27:07:20262,091
Week of 03:08:20262,091
Week of 10:08:20262,327
Week of 17:08:20262,374
Week of 24:08:20262,398
Week of 31:08:20262,398
Week of 07:09:20262,423
Week of 14:09:20262,437
Week of 21:09:20262,437
Week of 28:09:20262,437
Week of 05:10:20262,437
Week of 12:10:20262,479
Participant Growth - Monthly
DateSubscribers
April 20261,831
May 20261,879
June 20261,879
July 20262,091
August 20262,398
September 20262,437
October 20262,479
Participant Growth - Yearly
DateSubscribers
20262,479

Top 10 posts

Most viewed posts from this channel

By views
  1. #1Post #2090614
  2. #2ဆရာငြိမ်းကျော်ရဲ့ စာအုပ်များ (၁၇) အုပ် စုစည်းမှုလေး ဖြစ်ပါတယ်ရှင့်။573
  3. #3ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ထားသလဲ536
  4. #4ကျောင်းစာပဲ တော်ပြီး513
  5. #5"ကျွန်မ ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေကိုတော့ ပြောင်းလဲလို့ မရတော့ပါဘူး။ ဒ483
  6. #6"နတ်ကွန်းထဲက ဆီမီးလျှံ" ဟာ စဖတ်ဖတ်ချင်းမှာတော့ သာမန် အိမ်ထောင်ရေးဇာတ်လ482
  7. #7သင်္ကြန်ပိတ်ရက်အကြောင်း အကြောင်းပန်ကြားခြင်း 💛453
  8. #820% OFF DISCOUNT ‼️448
  9. #9Post #2125437
  10. #10သူများတို့ အိမ်ထောင်ကျပြီး မတော်တဆ သူများ သေသွားရင် သူ နောက်မိန်းမ မယူ401

Latest Posts

Phway's Book Shop logo
Phway's Book Shop

06. Sept. 2026, 22:33

Photo
ဗိဿနိုးခေတ်ကို ကျောရိုးယူထားတဲ့ ဒီ “မဟူရာမေတ္တာ” စာအုပ်ဟာ ဆရာနိုင်ဝင်းဆွေရဲ့ ပြောင်မြောက်လှတဲ့ လက်ရာတွေထဲက တစ်ခုပါပဲ။ ဇာတ်လမ်းရှုကွက်ကို “သျှီဝမြို့စားလေး သူသ” အပေါ်မှာ အခြေတည်ပြီး၊ အဲ့ဒီကတစ်ဆင့် ပန်ထွာဘုရင်မအပေါ်ထားတဲ့ သူ့ရဲ့ ချစ်ခြင်းမေတ္တာကို တစ်စထက်တစ်စ ပုံဖော်ထားပါတယ်။ “အုံ့ပုန်းအချစ်” ကနေအစပြုပြီး ဇာတ်လမ်းတစ်လျှောက် ချစ်ခြင်းမေတ္တာပမာဏကြီးမားလာပုံကို အဲ့ဒီခေတ်ကာလ တိုင်းပြည်ရေးအခြေအနေတွေနဲ့ ယှဉ်တွဲပြီး တင်ပြထားပုံက စိတ်ဝင်စားစရာကောင်းလှပါတယ်။
262000
Phway's Book Shop logo
Phway's Book Shop

06. Sept. 2026, 22:33

Photo
ဝတ္ထုနောက်ခံကာလက ၁၉၅၄-၁၉၅၈ ခုနှစ်
ဟားဗတ်တက္ကသိုလ်မှာ ဆုံတွေ့ကြရတဲ့ သူငယ်ချင်း ၅ ယောက်။ ထို ၅ ယောက်ရဲ့ ငယ်ဘဝကစလို့ အသီးသီး ဘွဲ့တွေရရှိပြီး နောင်၂၅ နှစ်အကြာ ကျင်းပမယ့် ငွေရတုသဘင်ပွဲ မတိုင်မီထိ တစ်ဦးချင်းစီရဲ့ မိသားစုအခြေအ‌နေ၊ အစိတ်ခံယူချက်တွေ၊ ကျောင်းတက်ဖို့ ပြင်ဆင်ကြပုံတွေ၊ ကျောင်းတက်နေစဉ် လှုပ်ရှားကြတဲ့ အခန်းကဏ္ဍကိုယ်စီ၊ ကျောင်းပြီးတဲ့နောက် ဘဝဖြတ်သန်းလျှောက်လှမ်းပုံတွေကို ဇာတ်ကောင် အင်ဒရူးအဲလီယော့မှ နေ့စဉ်မှတ်တမ်းရေးဟန်ဖြင့် အသေးစိတ် ရေးသားထားသော ဝတ္ထုပုံစံမျိုး ဖြစ်ပါတယ်။

မြသန်းတင့်
လွမ်းမောခဲ့ရသောတက္ကသိုလ်နွေညများ
#phwaybookshop
#mtt
273002
Phway's Book Shop logo
Phway's Book Shop

06. Sept. 2026, 22:33

လေလွင့်သူ ဝတ္ထုမှာ ၁၆နှစ်သားလူငယ်တစ်ယောက်နဲ့ ပတ်သက်ပီး ကျွန်တော်တို့သတိမထားမိတဲ့ စိတ်ခံစားမှုရသတွေ၊ ရေမြေခြားတိုင်းတစ်ပါးမှ စရိုက်လက္ခာ၊ ဓလေ့ထုံးတမ်းအစဉ်အလာများကို တွေ့ရှိရပါတယ်။

လူငယ်သဘာဝ အရ စူးစမ်းလိုစိတ်၊ အသွင်မတူ စရိုက် များနှင့်ပေါင်းသင်းရသည့် အခါ တွေ့ကြုံလာသော အရာများကို လူကြီးများကဲ့သို့ သိုသိပ်မထား ဘဲ စိတ်ထဲတွင် အရှိကို အရှိအတိုင်း ထုတ်ဖော် ပြသထားပါတယ်။ ပထမဆုံးမှာတော့ သူ့နေတဲ့ ပင်ဆေကျောင်းကြော်ငြာကို သူ့အတွေးနဲ့ ပြောထားတာပါ။ သူပြောထားတာက "ပင်ဆေကျောင်းသည် လူတော်များကိုနှစ်စဉ်ထုတ်ပေးသည်" ဆိုတဲ့စာကိုပါ။ သူဆိုထားပုံက"တော်တဲ့လူက ဘယ်ကျောင်းတက်တက် တော်မှာပဲ ဒီကျောင်းမှမဟုတ်ဘူး တခြားကျောင်းတက်လဲ တော်မှာပဲ"။ ညံ့ရင် ကျောင်းကထုတ်ပစ်တယ်လို့ပြောထားပါတယ်။ ဒါကတော့ သူတို့နိုင်ငံမှမဟုတ်ပါဘူး ကျွန်တော်တို့နိုင်ငံမှာလည်းရှိပါတယ်။

၁၆နှစ်သား တစ်ယောက် ကျောင်းနေအရွယ် ငယ်စဥ်အခါက ဆရာတွေဆုံးမတဲ့ အခါ ကျွန်တော်တို့စိတ်မှာ တိတ်တခိုး ပြောဖူးတဲ့ စကားတွေကို ပြန်လည်အမှတ်ရစေပါတယ်။ ပြန်ပြောခွင့်မရပေမယ့် ရင်မှာ တိတ်တခိုး ပြောခဲ့ စကားတွေ ရှိကြမှာပါ။ အဲလို အမူအကျင့်လေးတွေကို ဒီဝတ္ထုမှာ တွေ့ရပါတယ်။

သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေး မှာလည်း သူတို့ရဲ့ အမူအကျင့် များ၊ အကြိုက်နှစ်သက်သည့်အရာများ၊ မကြိုက်နှစ်သက်သည့်အရာများကို အမုန်းတရားအာဃာတမထားဘဲလူငယ်တစ်ယောက်စိတ် ထားနဲ့ ရေးထားပါတယ်။ ၁၆နှစ်အရွယ်က သတိမပြုမိတဲ့ ဖြစ်ရပ်တွေကိုလုံးဝ သတိရအောက် မေ့လွမ်းဆွေးသွားစေပါတယ်။

ကျောင်းထုတ်ခံရတဲ့ ဟိုဒင်ကောဖီးလ် နေရာ ဝင်ပီး စဉ်းစားကြည့်နိုင်ပါတယ်။ သူ့အတွေးက ၁၆နှစ်အရွယ်ကျွန်တော်တို့ အတွေးတွေနဲ့ ထပ်တူမကျတောင်မှ ခပ်ဆင်ဆင်နေပါလိမ့်မယ်။ အကယ်၍ ကျွန်တော်တို့ကျောင်းထုတ်ခံ ရလျှင် သူ့လို ခံစားချက်တွေ အတိုင်းစိတ်ထင်ရာ လျှောက်လုပ်မိမှာပါ။ မြေအောက်လောက ထဲမှာ သူ့ စူးစမ်းလေ့လာချင်တာတွေ လုပ်ချင်ရာတွေကိုလုပ်ပါတယ်။ ၁၆နှစ်သားတစ်ယောက်ရဲ့ အကြောင်းရေးထားတာမို့ အချစ် ဇာတ်လမ်းတွေ မပါဘူးလို့ ထင်ရပါတယ်။ဒါပေမဲ့ ဒီထဲ မှာ ပါပါတယ်။ ဘာသာပြန် ဖြစ်လို့ နိုင်ငံခြား ဓလေ့ date တာတွေ ပါတာပါ။ အတွေးနယ်ကျွံနေတဲ့ လူငယ်တစ်ယောက်ပီပီ ဘယ်အရာကို မဆို အမြဲဝေဖန် သုံးသပ် နေတာပါ။ သူ့ကို စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြရတဲ့အထိပါပဲ။ နောက်ဆုံးမှာတော့ ချစ်လွန်းလှတဲ့ သူ့ညီမကြောင့်အိမ်ကို ပြန်ရောက်သွားခဲ့ပါတယ်။ဒါပေမဲ့ သူ့စိတ်ထဲမှာနားမလည်တာတွေတော့ ရှိနေဆဲပါ။

"လေလွင့်သူ" ဝတ္ထုကို ဆရာကြီးမြသန်းတင့် မှ ဂျေဒီဆလင်းဂျားရေးတဲ့ " ဂျုံခင်းထဲမှ လိုက်ဖမ်းသူ The catcher in the Rye "ဆိုတဲ့ အမေရိကန် ဝတ္ထုတစ်ပုဒ်ကို ဘာသာပြန်ထားတာဖြစ်ပါတယ်။

Review_kyawmyolin
လေလွင့်သူ
မြသန်းတင့်
#phwaybookshop
#mtt
255001
Phway's Book Shop logo
Phway's Book Shop

06. Sept. 2026, 22:33

Photo
ဝတ္ထုရဲ့ အမှာစာမှာ "စာပေလောကကိုတုန်လှုပ်ချောက်ချားသွားစေမည့် ဥက္ကောဋေးယျ ဖြစ်မှုကြီးတစ်ရပ်၊ ယခုနှစ်များအတွင်း အထူးခြားဆုံးစာအုပ်တစ်အုပ်၊ မိမိကိုယ်ကို လိုက်လံရှာဖွေလိုသော အသက်၁၆နှစ်အရွယ် ဟိုလ်ဒင်ကောဖီး၏ဇာတ်လမ်း၊ သူ့ဘဝတွင်နားမလည်သောအခြေအနေများကိုကြုံတွေ့ရသည့်အခါတွင်နယူးရော့ မြေအောက်လောကသို့ ၄၈နာရီကြာရောက်သွားသည့် လူငယ်လေးတစ်ဦး"ဟူ၍ ဆိုထားပါတယ်။

ပထမ ၂ချက် နှင့် ပတ်သက်၍ "The catcher in the Rye"စာအုပ်ဟာ အမေရိကန် The time မဂ္ဂဇင်းကရွေးချယ်တဲ့ ဆယ်စုနှစ်တာ အကောင်းဆုံးစာအုပ်တွေထဲ ပါပါတယ်။
233000
Phway's Book Shop logo
Phway's Book Shop

06. Sept. 2026, 22:33

မြောက်ဘက်တောင်ကုန်းဒေသမှအပြန်

[ကောလင်း၊ ဝန်းသို၊ ကသာ၊ အင်းတော်၊ မုံရွာ၊
မန္တလေး၊ စစ်ကိုင်း၊ မိုးမိတ်၊ မော်လမြိုင်၊ သထုံ၊
စက်စဲ၊ သံဖြူဇရပ် အစရှိတဲ့ အရပ််ဒေသများသို့
ခရီးသွားအတွေ့အကြုံ ]

စာမျက်နှာ ၂၆၀ ကျော် ။
စက္ကူဖြူချောဖြင့်-ပုံနှိပ်သည်။

မျက်နှာဖုံးပန်းချီ - မုတ်သုံ၏ လက်ရာကို
ဗဂျီလင်းဝဏ္ဏက ဒီဇိုင်းဖွဲ့စည်းမွမ်းမံမှုဖြင့်-

ဇော်ဂျီဖိုလ်ဝင်တိုက်က အပြင်အဆင်သစ်ဖြင့်
တတိယအကြိမ် ပုံနှိပ် ထုတ်ဝေ ဖြန့်ချိပါသည်။

မြောက်ဘက်တောင်ကုန်းဒေသမှအပြန်
မြသန်းတင့်
#phwaybookshop
#mtt
219000
Phway's Book Shop logo
Phway's Book Shop

06. Sept. 2026, 22:33

Photo
ထင်းရှူးနံ့သင်းနေတဲ့ လေဟာ ခရီးသည်အဖို့ ရနံ့သစ်ပဲ။ အနောက်ရိုးမ တောင်ကုတ်လမ်းမ တောထဲက မျောက်တွေရဲ့ အော်သံဟာ ခရီးသည်အဖို့ အသံသစ်ပဲ။ ရှမ်းပြည်နယ်မြောက်ပိုင်းက မုန်ညင်းတမျိုးကို အစိမ်းသုတ်ထားတဲ့ အော်ဆွန်းဟာ ခရီးသည်အဖို့ အရသာသစ်ပဲ။ ပင်လယ်ကျောက်ဆောင် ကမ်းပါးမြင့်ကြီးပေါ်ကို တက်ရတဲ့ ငှက်သိုက်သမားဟာ ခရီးသည်အဖို့ မြင်ကွင်းအသစ်ပဲ။ ပခန်းကျောင်းရဲ့ ဗိသုကာမှုဟာ ခရီးသည်အဖို့ တွေ့ရှိချက် အသစ်ပဲ။ မြောက်ဘက်တောင်ကုန်းဒေသက ကချင်မုဆိုးကြီးဟာ ခရီးသည်အဖို့ မျက်နှာသစ်ပဲ။ အဝေးပြေးကားလမ်းမပေါ်က ထမင်းဆိုင်လေး တဆိုင်ထဲကို ရောက်သွားတာဟာ ခရီးသည်အဖို့ ပတ်ဝန်းကျင်သစ်ပဲ။ ညအချိန် အင်မတန် တောထူတဲ့ မဟာမြိုင်တောကြီးထဲကိုဖြတ်ရတာဟာ ခရီးသည်အဖို့ စွန့်စားခန်းသစ်ပဲ။ လမ်းမှာ ကားပျက်တော့ အိပ်စရာမရှိလို့ ကတ္တရာလမ်းပေါ် ဒီအတိုင်း အိပ်ရတာဟာလည်း ခရီးသည်အဖို့ အတွေ့အကြုံသစ်ပဲ။

(ဆရာမြသန်းတင့်ရဲ့ စကားလုံးများ)

အတိတ်သမိုင်းမှသည် ပစ္စုပ္ပန်ကို ဖြတ်သန်း၍ အနာဂတ်သို့ထိတိုင် အတွေးတို့ ခြေဆန့်ခြင်း၊ ရှုခင်းသစ် ရနံ့သစ် ခံစားချက်သစ်တို့နဲ့အတူ ဖတ်ရမယ့် ဆရာမြသန်းတင့်ရဲ့ ခရီးသွားစာအုပ်။
229002
Phway's Book Shop logo
Phway's Book Shop

06. Sept. 2026, 22:33

Photo
ဒီပေးစာတွေဟာ
ဖေဖေရဲ့ ရှည်လျားလှတဲ့
လောကအတွေ့ကြုံကနေပြီး
ကောက်နုတ်ပေးလိုက်တဲ့ သင်ခန်းစာတွေပဲ။

မင်းဂရုစိုက်မယ်ဆိုရင်
မင်းသွားရမယ့် လောကခရီးရှည်ကြီးမှာ
အသုံးကျပါလိမ့်မယ်။

တကယ်လို့ အကျိုးမရှိဘူးဆိုရင်တော့
မင်း ပျက်ကွက်မှုကြောင့်ပဲ
ဖြစ်လိမ့်မယ်။

◾လော့ဒ်ချက်စတာဖီး

လူလေးသို့ပေးစာများ
မြသန်းတင့်
#phwaybookshop
#mtt
234001
Phway's Book Shop logo
Phway's Book Shop

06. Sept. 2026, 22:33

Photo
ဇာတ်လမ်းတစ်ခုလုံး အသည်းထိတ်စရာ၊ သနားစရာတွေဖြင့် ဇာတ်ကောင်ဇာတ်လမ်း ပေါင်းစပ်ရေးသားထားသော ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ စုံထောက်ဝတ္ထု အိမ်‌ကြီးမာယာ

အိမ်ကြီးမာယာ
ဂျာနယ်ကျော်ဦးချစ်မောင်
#phwaybookshop
#ucm
251002
Phway's Book Shop logo
Phway's Book Shop

06. Sept. 2026, 22:33

The Odyssey ရဲ့ မူရင်းလက်ရာကို ကဗျာပုံစံနဲ့ ရေးသားထားတာဖြစ်ပါတယ်။ နောက်ပိုင်း ခေတ်အဆက်ဆက်မှာ စာပေပညာရှင်များက မူရင်းရသ မပျက်စေဘဲ စကားပြေပုံစံနဲ့ ပြန်ဆိုထားတဲ့ version တွေ ပေါ်ထွက်လာခဲ့ပါတယ်။ ခု မြန်မာဘာသာပြန်စာအုပ်ဟာ အဲဒီ စကားပြေမူတွေထဲကမှ ပြန်ဆိုထားခြင်းပါ။

အံ့ဘနန်း ဆန်းကြယ်လှတဲ့ ဇာတ်လမ်းကျောရိုးမှာ စိတ်ဝင်စားဖွယ် ဇာတ်ကောင်တွေ၊ ဂရိနတ်ဘုရားတွေ၊ ဘီလူးတွေ၊ ထူးဆန်းတဲ့ ကျွန်းစုတွေနဲ့ ဒဏ္ဍာရီဆန်တဲ့ စွန့်စားခန်းတွေ ပါဝင်တာကြောင့် Greek Mythology ထဲမှာလည်း အလွန်အရေးပါပါတယ်။

အဓိကဇာတ်လိုက် Odysseus ဟာ ထရိုဂျင်စစ်ပွဲ (Trojan War) အပြီး အိမ်ပြန်နိုင်ဖို့ ဆယ်နှစ်ကြာအောင် ခက်ခက်ခဲခဲ စွန့်စားခဲ့ရတဲ့ ခရီးစဉ်ကို ဒီစာအုပ်က ခမ်းနားစွာ ဖော်ပြထားပါတယ်။ ဒါ့အပြင် လူသားတို့ရဲ့ စိတ်သဘောသဘာဝနဲ့ စိတ္တဗေဒ (Psychology) ကိုလည်း အနုပညာမြောက်မြောက် ပုံဖော်ထားတာ ဖတ်ရှုရပါမယ်။

ဝတ္ထုရှည် (Novel) ပုံစံ မဟုတ်ဘဲ ကဗျာ (Poem) အနေနဲ့ စတင်ခဲ့ပေမယ့် ခေတ်သစ်ဝတ္ထုတွေရဲ့ အရေးအသားပုံစံနဲ့ storytelling technique တွေကို အစပျိုးပေးခဲ့တဲ့ ဂန္ထဝင်လက်ရာကြီးတစ်ခုလည်း ဖြစ်ပါတယ်။ ကံ့ကော်ဝတ်ရည်က မြန်မာဘာသာပြန်အဖြစ် တင်ဆက်လိုက်ပါပြီ။
မြန်မာပြန်ထားသူက သက်ပိုင် ဖြစ်ပါတယ်။

သက်ပိုင်
ဩဒစ္ဆေမော်ကွန်း
#Homer_Odyssey
#KantKawWutYee
#phwaybookshop
306002
Phway's Book Shop logo
Phway's Book Shop

06. Sept. 2026, 22:33

Video
ဘယ်ခေတ်၊ ဘယ်အချိန် ပြန်ကြည့်ကြည့် ကမ္ဘာ့ဂန္ထဝင်စာရင်းတွေရဲ့ ထိပ်ဆုံးမှာ အမြဲပါဝင်နေတဲ့ လက်ရာတစ်ခု ဆိုရင်လည်း မမှားပါဘူး။

ဒီစာပေလက်ရာဟာ ဂရိနဲ့ ရောမယဉ်ကျေးမှုအပေါ် အခြေခံတည်ဆောက်ထားတဲ့ အနောက်တိုင်းစာပေသမိုင်း (Western Literature) ရဲ့ အုတ်မြစ်တစ်ခုအဖြစ် သတ်မှတ်ခံရတဲ့ ဂန္ထဝင်မော်ကွန်းလက်ရာလို့တောင် တင်စားကြပါတယ်။

သူရဲကောင်းတစ်ဦးရဲ့ စွန့်စားခန်းတွေကို ကြီးကျယ်ခမ်းနားစွာ ဖော်ပြထားတဲ့ Epic အမျိုးအစားထဲမှာ ပါဝင်ပြီး ခေတ်သစ်ဝတ္ထုတွေ မပေါ်ပေါက်ခင်ကတည်းက ရှိခဲ့တဲ့ ပုံပြင်ပြောခြင်း အနုပညာရဲ့ အရေးကြီးဆုံး လက်ရာတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
278000
Phway's Book Shop logo
Phway's Book Shop

22. Aug. 2026, 14:58

Video
ထက်မြက်တယ်၊

ဟာသဉာဏ်ရှိတယ်၊

ပြီးရင် ကွက်တိပဲ

ယောက်ျားတစ်ယောက်ရဲ့

စိတ်ဝင်စားမှုကို

အမြဲ

ဖမ်းစားထားချင်တဲ့

မိန်းမ‌တွေ

ဖတ်ကိုဖတ်ရမဲ့စာအုပ်။

WHY MEN LOVE BITCHES

တန်ဖိုး=၁၉၀၀၀ ကျပ်
169000
Phway's Book Shop logo
Phway's Book Shop

22. Aug. 2026, 14:58

Video
အိပ်မက်ကုန်သည် // မောင်မိုးသူ

တန်ဖိုး=၉၅၀၀ ကျပ်
176000
Phway's Book Shop logo
Phway's Book Shop

22. Aug. 2026, 14:58

Video
ကမ္ဘာကျော် လေရူးသုန်သုန်ဝတ္ထုဖန်တီးသူ
မာဂရက်မစ်ချယ် (သို့မဟုတ်)

မြိုင်သာယာသို့အပြန်

◾တင်မောင်မြင့်

၃၅၀၀၀ ကျပ်
169000
Phway's Book Shop logo
Phway's Book Shop

22. Aug. 2026, 14:58

Video
မဧကံ

ညီမလေး
တန်ဖိုး=၉၀၀၀ ကျပ်

ဂေဟာ
တန်ဖိုး=၈၀၀၀ ကျပ်
170002
Phway's Book Shop logo
Phway's Book Shop

22. Aug. 2026, 14:58

နီယန်ဒါသယ်လူတွေလိုမျိုး တဦးချင်းစီ တည်ဆောက်ထားတဲ့ချိတ်ဆက်မှုကွန်ရက်တွေအစား စိတ်ကူးယဉ်ဒဏ္ဍာရီတွေကတဆင့် ဆေပီယန်စ်တွေကို ချိတ်ဆက်မှုပုံစံအသစ်တမျိုး ပေးအပ်ခဲ့ပါတယ်။

အဲဒါကတော့ လူသားတွေနဲ့ စိတ်ကူးယဉ် ဒဏ္ဍာရီတွေအကြား ချိတ်ဆက်မှုပါပဲ။ အတူတကွစုပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ဆေပီယန်စ်တွေအဖို့ တဦးကို တဦးပုဂ္ဂိုလ်ရေးရာ သိကျွမ်းရင်းနှီးဖို့ မလိုတော့ပါဘူး။

စိတ်ကူးယဉ် ဒဏ္ဍာရီတပုဒ်ကိုပဲ အတူတကွ သိရှိထားဖို့ လိုအပ်ပါတော့တယ်။ အဲဒီစိတ်ကူးယဉ် ဒဏ္ဍာရီဟာ ဘီလျံနဲ့ ချီတဲ့ လူတွေ အများကြီး ရင်းနှီးကျွမ်းဝင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒီနည်းနဲ့ စိတ်ကူးယဉ် ဒဏ္ဍာရီဟာ ဗဟိုချိတ်ဆက်တဲ့ အရာ သဘောမျိုးဖြစ်သွားပြီး အကန့်အသတ် မရှိတဲ့ပလတ်ပေါက်တွေနဲ့ အကန့်အသတ် မရှိတဲ့ လူတွေအများကြီး လာရောက်ချိတ်ဆက်လို့ ရသွားပါတယ်။

ဥပမာ ကတ်လစ်ဘုရားကျောင်းတော်ရဲ့ ဘာသာဝင် ၁.၄ ဘီလျံတို့ဟာသမ္မာကျမ်းစာနဲ့ တခြား အဓိကခရစ်ယာန် ဒဏ္ဍာရီတွေကတဆင့် ချိတ်ဆက်ထားကြတာပါ။

တ-ရုတ်ပြည်ရဲ့ နိုင်ငံသား ၁.၄ ဘီလျံတို့ဟာ ကွန်မြူနစ် အိုင်ဒီယော်လော်ဂျီနဲ့ တရုတ်အမျိုးသားရေးဝါဒဆိုင်ရာ စိတ်ကူးယဉ် ဒဏ္ဍာရီတွေကတဆင့်ချိတ်ဆက်ထားကြတာပါ။

(ပြန်လည်ကူးယူ ဖော်ပြသည်။)

ညီနောင်
Nexus
yuvalnoahharari
#phwaybookshop
189001
Phway's Book Shop logo
Phway's Book Shop

22. Aug. 2026, 14:58

Video
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀၀၀ လောက်တုန်းက အုပ်စုတွေအကြားကုန်သွယ်မှုတွေ ပေါ်ထွန်းလာတာ၊ အနုပညာမြောက် ဓလေ့ထုံးတမ်းတွေနဲ့အတူ အာဖရိက မွေးရပ်မြေကနေ ကမ္ဘာအနှံ့အလျင်အမြန် ပျံ့နှံ့သွားကြတာတွေကိုထောက်ရှုပြီး ဟိုမို ဆေပီယန်စ် အုပ်စုအဖွဲ့ငယ်တွေနဲ့ တခြားအုပ်စုတွေ ဘယ်တုန်းနဲ့မှ မတူတဲ့စုပေါင်း ဆောင်ရွက်မှုမျိုးတွေ ရှိခဲ့ကြောင်း ပြသခဲ့ကြပါတယ်။

ဦးနှောက်တည်ဆောက်မှုဆိုင်ရာ ဆင့်ကဲဖြစ်စဉ် အပြောင်းအလဲတွေရယ်၊ ဘာသာစကား စွမ်းရည်တွေရယ်ကြောင့် မတူကွဲပြားတဲ့ အုပ်စုအဖွဲ့တွေအကြား စုပေါင်း ဆောင်ရွက်နိုင်စွမ်းကနေ ဆေပီယန်စ်တွေကို စိတ်ကူးယဉ်ဒဏ္ဍာရီတွေ ပြောဆို၊ ယုံကြည်နိုင်စွမ်း၊ ခံစားမှုပေးနိုင်စွမ်းတွေ အပ်နှင်းခဲ့ဟန်တူပါတယ်။
195001
Phway's Book Shop logo
Phway's Book Shop

22. Aug. 2026, 14:58

Video
ကမ္ဘာရန် // မောင်ပေါ်ထွန်း

တန်ဖိုး=၂၀၀၀၀ ကျပ်
225000
Phway's Book Shop logo
Phway's Book Shop

22. Aug. 2026, 14:58

ရာဇသင်္ကြံအမတ်ကြီးကို မင်းသားသီဟသူကကွမ်းတံတွေးဖြင့် ထွေးသည့်ကိစ္စ၊ ဉဇနာမင်းကြီးက ပုပ္ပားကနတ်တက်ပွဲမှအပြန် ဆိတ်ထိန်းကမ်းဖြူရွာမှ ဂေါရိီအရွယ်တောသူလုံမပျိုလေး အစောကိုမိဖုရားမြှောက်သည့်ကိစ္စ၊ နရသီဟပတေ့မင်းကိုနန်းတင်သည့်ကိစ္စ၊ သားတော်ပြည်စားသီဟငယ်က ခမည်းတော် နရသီဟပတေ့ မင်းကြီးကိုအဆိပ်ခတ်လုပ်ကြံသည့်ကိစ္စ။ နရသီဟပတေ့မင်းက မောင်းဂွတ်သံအဖွဲ့ကိုကွပ်မျက်ခြင်း၊ မွန်ဂိုတို့ပုဂံကို၀င်ရောက်တိုက်ခိုက်ခြင်း စသည့်ကိစ္စများသည် ကျနော်တို့သိရှိပြီးသည့် အကြောင်းအရာများပင်ဖြစ်ကြသည်။

ဒါဖြင့်ကွာ မင်းကလည်းဘာလို့စာအုပ်၀ယ်ဖတ်နေရဉိီးမှာလဲ။ မသိတာတွေမှတ်လို့ကွာ ဟုပြောစရာရှိလာပြန်ပါသည်။ သို့သော်ကား ကျနော်တို့သိသောအရာများသည် လူတိုင်းနီးပါးကြားဖူးသည့်သမိုင်းကြောင်းများသာဖြစ်သည်။
ဆိတ်ထိန်းကမ်းဖြူရွာက တောသူလုံမလေးတစ််ယောက်က ပုဂံထီးနန်းကိုကိုင်လှုပ်ခဲ့တာကို ကျနော်တို့မသိခဲ့ကြ။ မြွေဘုရင်ငန်းမြွေကတောင် စောင့်ရှောက်ရသည့် မိန်းမတစ်ယောက်အကြောင်းကျနော်တို့မသိကြ။

ဉဇနာမင်းကြီးဘေးတွင် ရိုသေစွာခစားနေသော မိဖုရားအစောအကြောင်း၊ မင်းကြီး၏ချစ်မြတ်နိုးမှုနှင့်အတူ သြဇာကြီးမားတဲ့မိဖုရားတစ်ပါးအကြောင်း၊ ပုဂံရွှေနန်းတော်ကနေ ကမ်းဖြူရွာဘက်ကို လွမ်းဆွတ်ကာ မျှော်ကြည့်နေသောဖွားစော။ မင်းဆက်တစ်ဆက်ကိုဖြုတ်ချရန်၊ မင်းဆက်တစ်ဆက်ကိုထူထောင််ရန် မှူးမတ်များနှင့်နှီးနှောတိိုင်ပင်နေသာဖွားစော၊ ခေါင်းမာသောနရသီဟပတေ့မင်းကို နားချနေသောဖွားစော၊ ကမ္ဘာ့သမိုင်းမှာမင်းဆက်များကို ကိုယ်တိုင်ထူထောင် ကိုယ်တိုင်ဖြုတ်ချခဲ့သော ၔကရီ အနည်းစုတွင်တစ်ပါးအပါအ၀င်ဖြစ်သော ဧကရီဖွားစောအကြောင်းကို ကျနော်တို့သေချာမသိကြပါ။ သိရန်လည်းအခွင့်မသာခဲ့ပါ။

အမှန်စင်စစ်အားဖြင့် ဤ၀တ္ထုသည် MAURICE COLLIS ၏ She was a queen ၀တ္ထုကိုဆရာမြသန်းတင့်မှ ဧကရီဖွားစောအမည်ဖြင့် ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ဂန္ထ၀င်တစ်ယောက်၏ဘာသာပြန်ဆိုမှု အောက်တွင် ဒီ၀တ္ထုကိုဖတ်ပြီးရသမျိုးစုံခံစားရမည်မှာ မလွဲၔကန်ဖြစ်ကြောင်း ချစ်ခင်စွာရေးသားမျှေ၀ ပေးလိုက်ရပါသည်။❣️☕

Aung Myint. Myat
April, 27 , 2023

ဧကရီဖွားစော
မြသန်းတင့်
#phwaybookshop
#myathanthint
281001
Phway's Book Shop logo
Phway's Book Shop

22. Aug. 2026, 14:58

Video
She was a queen (သို့) ဧကရိီဖွားစော

ဒီနာမည်ကိုကျနော်တို့ ငယ်ငယ်လေးတည်းကလူကြီး သူမများခဏခဏပြောတာကြားဖူးပြီး နားရည်၀ခဲ့သလို ပုဂံခေတ်နှောင်းပိုင်းရာဇ၀င်စာအုပ်များတွင်လည်း သူမ၏နာမည်ကတစ်နေရာမဟုတ် တစ်နေရာ၌ပါတတ်သည်။ ဖွားစောတဲ့။ ဘွဲ့အမည်နဲ့ကြီးကြီးကျယ်ကျယ်ခေါ်မည်ဆို ဧကရီဖွားစော။ မိဖုရာဖွားစော။ သူမဘယ်လိုအမျိုးသမီးလဲဆိုတာ ဘယ်နေရာမှာအကျယ်တ၀င့်ဖော်ပြမလဲလိုက်ရှာမိသည်။

တက္ကသိုလ်၀င်တန်းမှာသင်ခဲ့ရတဲ့ မိဖုရားဖွားစောကျောက်စာကို ဖတ်ပြန်တော့လည်း သူမဟာအတ္တကြီးသူတစ်ယောက်လားတွေးမိပြန်သည်။ မေးခွန်းကားစုံလေ၏။ သို့နှင့်ဆရာမြသန်းတင့်ဘာသာပြန်ဆိုသော "ဧကရိီဖွားစော" စာအုပ်ကိုဖတ်ရန်အကြောင်းဖန်လာခဲ့သည်။ စာအုပ်ထဲမှအကြောင်းအရာအချို့သည် ကျနော်တို့နှင့်မစိမ်းသော အကြောင်းအရာများဖြစ်ကြသည်။
246000
Phway's Book Shop logo
Phway's Book Shop

22. Aug. 2026, 14:58

Video
အိန္ဒိယတိုက်ငယ်တွင် နှစ်ပေါင်း ၃ဝဝ ကျော်တိုင်တိုင် ဗြိတိသျှတို့က ကျူးကျော်နယ်ချဲ့ စိုးမိုးအုပ်ချုပ်ခဲ့ကြသောကြောင့် အိန္ဒိယနှင့် ပါကစ္စတန် ပြည်သူတွေ ဒုက္ခမျိုးစုံ ခံစားခဲ့ရပုံများ။

ထို့ပြင် တစ်ရံရောအခါက အိန္ဒိယတိုက်ငယ်တွင် ထင်ရာစိုင်းခဲ့ကြသော စော်ဘွားစော်ခံ ဟောရာဇာများ၏ ပြည်သူ့ဘဏ္ဍာကို ရေလိုဖြုန်းပြီး ကာမဂုဏ် စည်းစိမ် ယစ်မူးခဲ့ကြပုံများ။

အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံ ခွဲခြမ်းစဉ်ကာလအတွင်း အချင်းချင်း သွေးချောင်းစီး သ-တ်ဖြတ်မှုများနှင့် မဟတ္တမဂန္ဓီကြီး၏ ကိုယ်ကျိုးမဖက် အသက် မငဲ့ဘဲ အိန္ဒိယတိုက်ငယ် တစ်ခုလုံး လွတ်လပ်ရေးအတွက် ရက်ရက်ရောရော စတေးခံသွားပုံများကို ဇာတ်လမ်းပမာ ရေးသားထား၍ ဖတ်မိလျှင် လက်က မချနိုင်အောင် ဆွဲအားကောင်းသည့် ကမ္ဘာကျော်စာအုပ်။

သန်းခေါင်ယံလွတ်လပ်ရေး
မောင်ပေါ်ထွန်း
#phwaybookshop
#mpt
244002
Phway's Book Shop logo
Phway's Book Shop

03. Mai 2026, 15:13

Photo
ရှားလော့ဟုမ်း လုံးချင်းဝတ္ထုရှည်ပေါင်းချုပ်
▪️စိုးမြိုင်

တန်ဖိုး=၂၂၀၀၀ ကျပ်

🔹Page Chat Box (သို့မဟုတ်)
🔹Viber - 09457700546
🔹Telegram - https://t.me/pptzhphway တို့မှလည်း ဆက်သွယ်မှာယူလို့ ရပါတယ်ရှင့်။

🔹ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ ဆိပ်ဖြူ၊ ချောက် မြို့နယ်များ အပါအဝင် ကျန်မြို့နယ်များကို အိမ်ရောက်ငွေချေ (COD) စနစ်ဖြင့် ပို့ဆောင်ပေးပါတယ်ရှင့်။

🔹ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား အပါအဝင် ပြည်ပနိုင်ငံများကိုလည်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်ရှင့်။

ရှားလော့ဟုမ်း
စိုးမြိုင်
#phwaybookshop
248000
Phway's Book Shop logo
Phway's Book Shop

03. Mai 2026, 15:13

Photo
လယ်တီပဏ္ဍိတဦးမောင်ကြီး၏ ထင်ရှားသော ဝတ္ထုတစ်ပုဒ်အဖြစ် တပင်ရွှေထီးဝတ္ထုကို အသိအမှတ်ပြုကြသည်။ တပင်ရွှေထီးအမည်ရှိသော မြန်မာရာဇဝင်တွင် ထင်ရှားသည့် မြန်မာမင်းဘုရင်တစ်ပါး၏ ဘဝထုပ္ပတ်ကို အမျိုးသားဇာတိသွေး၊ ဇာတိမာန် နိုးကြားစေရေး ဦးတည် လျက် ရေးဖွဲ့ထားသော ဝတ္ထုကြီးတစ်ပုဒ် ဖြစ်သည်။

ဟံသာဝတီမင်း၏ သားတော် မင်းရဲကျော်စွာ စုတေ၍ ဝင်စားလာသည်ဟု အဆိုရှိသော တပင်ရွှေထီးအဖြစ် ဖွားတော်မမူခင်က ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းများမှ အစပြုထားသည်။ ဝတ္ထုကြီးတွင် ငယ်မည်ရှင်ရဲထွတ်ခေါ် ဘုရင့်နောင် ကျော်ထင်နော်ရထာ၏ အကြောင်းများကိုလည်း ဖတ်ရှုရမည်။ ဘုရင့် နောင်ကျော်ထင်နော်ရထာကို လက်ရုံးပြုလျက် စစ်ပွဲကြီးအမျိုးမျိုး ဖြတ် သန်းခဲ့ရာ ထိုစဉ်က မြန်မာတို့၏ စွမ်းရည်သတ္တိများကိုလည်း အထင် အရှားဖွဲ့ဆိုထားသောကြောင့် သေနင်္ဂဗျူဟာ ရာဇဝင်ဝတ္ထုကြီးဟုလည်း စာရေးသူဆရာ ဦးမောင်ကြီးက ညွှန်းဆိုထားပေသည်။ လေးတွဲပေါင်း တတိယအကြိမ် ရိုက်နှိပ်ခြင်းဖြစ်သည်။

Page Chat Box မှာ ဆက်သွယ်မှာယူလို့ ရပါတယ်နော်။

တပင်ရွှေထီးဝတ္ထုတော်ကြီး
လယ်တီပဏ္ဍိတဦးမောင်ကြီး
#phwaybookshop
282005
Phway's Book Shop logo
Phway's Book Shop

03. Mai 2026, 15:13

နောက်ပိုင်းမှာလည်း မကျွတ်လွတ်တဲ့ အတွက် သူ့ရဲ့ ဝိညာဉ်ဟာ သူ့သား မင်းလျှံရဲ့ ဘဝထဲမှာ တွယ်ကပ် ပါနေပါတယ်။ နောက်ပိုင်း မင်းလျှံရဲ့ ဘဝ ဇာတ်ကြောင်းမှာလည်း အမျိုးစုံသော ဒုက္ခ သုက္ခတွေနှင့် တွေ့ကြုံရပုံတွေကို စာရေးသူ လျူကျင့်ယွင်ဟာ ဖတ်နေရင်း လက်က မချချင်အောင် ' သယ် ' သွားတာကို ဖတ်ရမှာပါ။ ဇာတ်လမ်းက ပြောရခက်လို့ ဖတ်ကြည့်မှသာ အရသာ တွေ့မှာပါ။
သည်ဝတ္ထုကို ဖတ်ပြီးတော့ ဝတ္ထု ရေးဖွဲ့တဲ့ ပုံစံ ထူးခြားမှုကြောင့် သည်ဝတ္ထု အကြောင်း ရှာဖတ်ကြည့်ပါတယ်။ သည်ဝတ္ထုဟာ သာမန် မိသားစု ဒရာမာ တခု မဟုတ်ပါဘူး။ ' လူ့ဘဝဟာ ရယ်စရာ ကောင်းသလို ငိုစရာလည်း ကောင်းတယ် ' ဆိုတဲ့ အချက်ကို ရေးဖွဲ့ထားတာပါတဲ့။ ဝမ်းနည်းစရာ အဖြစ်အပျက်တွေကို ဖတ်ရင်းနှင့် ရယ်ချင်စရာ ကောင်းအောင် ( black humor ) ရေးဖွဲ့ထားတာပါတဲ့။ သည်ဝတ္ထုကို ဝေဖန် သုံးသပ်သူတွေက ပဉ္စလက် သရုပ်မှန် စာပေ ( magical realism ) လို့ အညွှန်းပြုကြပါတယ်။
လျူကျင့်ယွင်ကို Gabriel Garcia Marquez တို့၊ Haruki Murakami တို့လိုပဲ magical realism စာရေးဆရာ တဦး အဖြစ် ဖော်ပြထားတာကို တွေ့ရပါတယ်။ Gabriel Garcia Marquez တို့ရဲ့ ရေးဖွဲ့မှုက ' အံ့ဩဘနန်း ဖြစ်ရပ်များ ' ပေါ် အခြေခံပေမဲ့ လျူကျင့်ယွင်ရဲ့ magical realism ကတော့ ' တရုတ် ရိုးရာ ပုံပြင် ဒဏ္ဍာရီများ၊ အယူသီးမှုများနှင့် လူသားတို့၏ စိတ်ပိုင်း ဆိုင်ရာ အခြေအနေ ' ပေါ်မှာ ပိုပြီး အခြေခံထားတယ်လို့ ဆိုပါတယ်။
သည်ဝတ္ထုမှာ ဟွားဧညဲက သူ့ကို ရယ်မောအောင် မလုပ်နိုင်ရင် အသေဆိုးနှင့် သေရမယ် ဆိုတဲ့ အကြောင်းအရာဟာ တကယ်တမ်းမှာတော့ လူ့ဘဝရဲ့ ဒုက္ခတွေကို ဟာသနှင့် မကျော်လွှားနိုင်ရင် ဘဝက ဖိကြိတ် သတ်ဖြတ်သွားလိမ့်မယ်လို့ ဆိုလိုတဲ့ သင်္ကေတ ( symbol ) ဖြစ်ပါတယ်တဲ့။
ကဲ စိတ်ဝင်စားစရာ မကောင်းဘူးလားဗျာ။

နေဝင်း ( ဘဝတက္ကသိုလ် )

#phwaybookshop
309001
Phway's Book Shop logo
Phway's Book Shop

03. Mai 2026, 15:13

ရယ်မောသံနှင့် မျက်ရည်
တော်ကောင်းမင်း
Liu Zhenyun
Laughter and Tears

စာအုပ်အညွှန်း

ပထမဆုံး သည်စာအုပ် နာမည် အကြောင်း ပြောရအောင်။ ( ဆရာ ) တော်ကောင်းမင်းက ပထမ ' တနေ့ သုံးမိုး ' လို့ ပေးထားပါတယ်။ တနေ့ သုံးမိုး ဆိုတာက သူ့ရဲ့ မူရင်း တရုတ် နာမည် Yi Ri San Qiu ကို ပြန်ဆိုထားတာပါ။ တနေ့ မတွေ့ရတာကို သုံးနှစ် သုံးမိုး ဝေးရသလို လွမ်းရတယ်လို့ တင်စားထားတာပါ။ တရုတ် စကားပုံပါ။ ဒါပေမဲ့ ဝတ္ထုထဲမှာ ဖွင့်ဆိုထားတာကတော့ အိမ်တအိမ်မှာ ' သည်အိမ်မှာ တရက် နေရတာက တခြားမှာ သုံးနှစ် နေရတာထက် ပိုသာတယ် ' လို့ တဖုံ၊ ' ဝက်ခြေထောက်ကို တရက် မစားရတာနှင့် သုံးနှစ် လွမ်းရတယ် ' လို့ တနည်း ဇာတ်ကောင်တွေက တဆင့် ဖွင့်ဆိုထားပါတယ်။ သူ့ရဲ့ ဝတ္ထု အမည်ကို အင်္ဂလိပ်လို ပေးထားတာကတော့ Laughter and Tears: A Novel ပါ။ သည်နာမည်ကို ယူပြီး စာအုပ် အမည်ကို တကယ် ပေးဖြစ်တော့ ' ရယ်မောသံနှင့် မျက်ရည် ' ဆိုပြီး ဖြစ်လာပါတယ်။
သည်နေရာမှာ အလျဉ်းသင့်လို့ ကျွန်တော့် အကြိုက် နာမည် ပေးရမယ် ဆိုရင်တော့ ' ဘာတတ်နိုင်မလဲ၊ ဘာတတ်နိုင်မလဲ၊ ဘယ်လို လုပ်မလဲ၊ ဘယ်လို လုပ်မလဲ ' လို့ ပေးမိမှာပါ။ ဘာကြောင့်ရယ် မသိ သည်စာသားလေးကို ဖတ်လိုက်ရတဲ့ အချိန်မှာ လူ့ဘဝကြီး တခုလုံးကို ကိုယ်စားပြုနေသယောင် ခံစားရမိလို့ပါ။ နာမည်က ဝတ္ထု စာအုပ် နာမည် မဆန်ဘူးလို့များ ပြောရင်လည်း မတတ်နိုင်ပါဘူး။ ကျွန်တော့်ရဲ့ အကြိုက်ကိုသာ ပြောပြခြင်း ဖြစ်ပါတယ်။
ထားပါတော့။ တကယ်တော့ သည်စာသားက တရုတ် ရိုးရာ ဒဏ္ဍာရီ ' မြွေဖြူမယ် ' The Legend of White Snake ကို တရုတ် နိုင်ငံ ယန်ကျင်း မြို့နယ် ဖုန်းလွေ ဟိုနန် အော်ပရာ ဇာတ်အဖွဲ့က ကပြတဲ့ ' မြွေဖြူမယ် ' ဇာတ်ထုပ်ထဲမှာ သံပြိုင် သီဆိုကြတဲ့ ဇာတ်စကား တခွန်းပါ။ သည်စာသားကို ပါဝင် ကပြတဲ့ အဓိက ဇာတ်ကောင် သုံးယောက်က ဘယ်လောက်တောင် စွဲသလဲ ဆိုရင် ဘဝမှာ အခက်အခဲနှင့် ပြဿနာတွေ ကြုံလာတိုင်း ' ဘာတတ်နိုင်မလဲ၊ ဘာတတ်နိုင်မလဲ၊ ဘယ်လို လုပ်မလဲ၊ ဘယ်လို လုပ်မလဲ ' လို့ ရွတ်ဆိုမိကြတယ် ဆိုပဲ။
သည်ဝတ္ထုကို ရေးတဲ့ စာရေးဆရာကို ကြည့်ကြရအောင်။ သူ့ကလောင် နာမည်က လျူကျင့်ယွမ် ( Liu Zhenyun )။ သူက ၁၉၅၈ ခုနှစ်ဖွား။ တရုတ် နိုင်ငံ၊ ဟိုနန် ပြည်နယ်၊ ယန်ကျင်းသား။ ပီကင်း တက္ကသိုလ် ( Peking University ) တရုတ်စာ ဘွဲ့ရ။ တရုတ် ပြည်သူ့ တက္ကသိုလ် ( Renmin University of China ) ဝိဇ္ဇာ ကောလိပ် ပါမောက္ခ။
သူ့ရဲ့ ထင်ရှားတဲ့ ဝတ္ထုရှည် များစွာထဲကမှ ' တခွန်းတည်းနှင့် ခွန်းတသောင်းပြီး ' ဝတ္ထုရှည်နှင့် ၂၀၁၁ ခုနှစ်မှာ ထင်ရှားတဲ့ တရုတ် နိုင်ငံ မော်တွန်း စာပေဆုကို ဆွတ်ခူးခဲ့ပါတယ်။ သူရဲ့ စာပေ လက်ရာတွေကို ကမ္ဘာ့ ဘာသာပေါင်း သုံးဆယ်ကျော် ပြန်ဆိုထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ်မှာ ပြင်သစ် နိုင်ငံက ချီးမြှင့်တဲ့ Knight of the Order of Arts and Letters ဂုတ်ထူးဆောင် တံဆိပ် ရရှိခဲ့ပါတယ်။ သူ့ရဲ့ စာပေ လက်ရာများကို ရုပ်ရှင် အဖြစ် ဖန်တီး ရိုက်ကူးထားသည့် ဇာတ်ကားများဖြင့်လည်း နိုင်ငံတကာ ဆု အကြိမ်ကြိမ် ဆွတ်ခူးခဲ့တယ်လို့ ဆိုပါတယ်။
ခု သည်ဝတ္ထု Laughter and Tears ကို ၂၀၂၁ ခုနှစ်က ထုတ်ဝေခဲ့ပြီး သူ့ရဲ့ ထွက်ရှိပြီး ဝတ္ထုတွေထဲက နောက်ဆုံးထုတ် စာအုပ် ဖြစ်ပါတယ်။ လျူကျင့်ယွင်ဟာ လက်ရှိ တရုတ်ပြည်မှာ နာမည် အကြီးဆုံး ခေတ်ပြိုင် စာရေးဆရာများထဲက တဦး ဖြစ်ပါတယ်။ ယခု စာအုပ် အမှာစာထဲမှာ ဘာသာပြန်သူက ' လျူကျင့်ယွင်သည် ငိုစရာကို ရယ်စရာ အဖြစ် ရေးတတ်သူ ဖြစ်သည်။ သူ ရေးထားသည့် ရယ်စရာကို ဖတ်ရသော အခါ ထိုရယ်စရာ၏ နောက်ကွယ်က ငိုစရာကို ခံစားရပြန်သည်။ လျူကျင့်ယွင်၏ အရေးအသားမှာ အလွန် ညက်သည်။ ရိုးရှင်းသော စကားလုံးများဖြင့် ဆန်းကြယ်သော အကြောင်းအရာများကို စိတ်ဝင်စားဖွယ် ကောင်းအောင် ရေးဖွဲ့သည်။ ပုံပြောကောင်းသူ ဖြစ်၍ သူ၏ ဝတ္ထုမှာ အလွန် သဘောကျစရာကောင်းသည်။ စာဖတ်သူကို ဝတ္ထု အဆုံးထိအောင် တောက်လျှောက် ဆွဲခေါ်သွားသည်။ လျူကျင့်ယွင်သည် စာပေကို ဒဿနနှင့် တန်ဆာဆင်သူလည်း ဖြစ်၏။ အသေးအဖွဲ ကိစ္စငယ်လေးက တဆင့် လေးနက်သော ဒဿန အတွေးအခေါ်များကို ဆက်စပ် တွေးတောမိလာအောင် ပေါ့ပေါ့ပါးပါး ဖန်တီးနိုင်စွမ်းသူ ဖြစ်သည် ' လို့ ရေးထားပါတယ်။
ကဲ ဒါဖြင့် ဝတ္ထု အကြောင်း ပြောကြရအောင်။ သည်ဝတ္ထု ဇာတ်လမ်း အစမှာ ယန်ကျင်းမြို့ရဲ့ ထူးဆန်းတဲ့ ဒဏ္ဍာရီ တခုနှင့် အစပြုပါတယ်။ ဟွားဧညဲဟာ ပြက်လုံး သိပ်ကြိုက်သူ။ သူဟာ ယန်ကျင်းသူ ယန်ကျင်းသားတွေရဲ့ အိပ်မက်ထဲကို လာပြီး ပြက်လုံး ပြက်ခိုင်းလေ့ ရှိတယ်။ သူ့ကို ရယ်အောင် ပြက်လုံး ပြက်နိုင်ရင် တည်သီး နီနီ တလုံး ပေးပါတယ်။ ရယ်အောင် မပြက်နိုင်ရင်တော့ အဲသည်လူဟာ အသေဆိုးနှင့် သေရပါတယ်။
နောက်တပိုင်းက ' အိန်ထော ' ရဲ့ ဇာတ်လမ်းပါ။ 'မြွေဖြူမယ် ' အော်ပရာ ကတဲ့ ဇာတ်ကောင် သုံးယောက် ရှိပါတယ်။ အိန်ထောနှင့် အတူ လီယန်ရှိန်း၊ ချန်ချောင်ဂျက် တို့ သုံးဦးဟာ ပထမ အော်ပရာ ကနေရာက နောက်ပိုင်း အခြေအနေ မကောင်းလို့ ကျရာ နေရာတွေမှာ အသက်မွေးကြရပါတယ်။ နောက်ပိုင်းမှာ သူတို့ ဘဝတွေဟာ အဆင်မပြေမှုတွေ မျိုးစုံနှင့် ကြုံကြရပြီး လောကဓံရဲ့ အထုအထောင်းကို ခံကြရပါတယ်။ အိန်ထောဟာ သေပြီး
304000
Phway's Book Shop logo
Phway's Book Shop

03. Mai 2026, 15:13

Photo
ကျောင်းစာပဲ တော်ပြီး
ပြင်ပ ဗဟုသုတမရှိတဲ့ လူငယ်ဟာ
တော်ရင်သာ တော်မယ်
မထက်မြက်ဘူး
လူငယ်ဆိုတာ စာဖတ်ရတယ်ကွဲ့။

▪️မိုးမိုး(အင်းလျား)

မိုးမိုးအင်းလျား
#phwaybookshop
5130020
Phway's Book Shop logo
Phway's Book Shop

03. Mai 2026, 15:13

"နတ်ကွန်းထဲက ဆီမီးလျှံ" ဟာ စဖတ်ဖတ်ချင်းမှာတော့ သာမန် အိမ်ထောင်ရေးဇာတ်လမ်း ပုံစံမျိုးပါပဲ။ ဒါပေမဲ့ မြှုပ်ကွက်တွေ၊ လျှို့ဝှက်ဆန်းကြယ်မှု (mystery) တွေ အပြည့်နဲ့အတူ ဆူရီယယ် (surreal) ဆန်မှုဘက်ကို တဖြည်းဖြည်း ရွေ့သွားတဲ့ ဝတ္ထုအရေးအသားပုံစံမျိုးပါ။

ဝတ္ထုကို အပိုင်း သုံးပိုင်းခွဲထားပြီး ပထမပိုင်းမှာ လင်မယားနှစ်ယောက်ကြားက သားသမီးယူရေး မယူရေး သဘောထားကွဲလွဲမှု၊ သားသမီး မယူချင်ရခြင်းရဲ့ နောက်ကွယ်က ဇနီးဖြစ်သူရဲ့ လျှို့ဝှက်ပဟေဠိဆန်စွာ မပွင့်လင်းမှု၊ ထင်မှတ်မထားတဲ့ မီးပွားတစ်ခုကနေ စလိုက်တဲ့ လင်မယားကြားပဋိပက္ခ၊ နောက်ဆုံး သေသလား၊ ရှင်သလားမသိ ထူးဆန်းစွာ ပျောက်ဆုံးသွားတဲ့ ဇနီး။ အဲဒီ ဇနီးကို မမောနိုင် မပန်းနိုင် လိုက်လံရှာဖွေရင်းကမှ ဇနီးဖြစ်သူရဲ့ ပဟေဠိတွေကိုပါ လိုက်အဖြေညှိဖို့ ကြိုးစားရင်း သူလုံးဝထင်မထားတာတွေကို သိလိုက်ရတဲ့ ယောက်ျားဖြစ်သူရဲ့ အံ့ဩတုန်လှုပ်မှုအကြောင်းကို ဖတ်ရမှာပါ။

ဒုတိယပိုင်းကတော့ ဒီဝတ္ထုရဲ့ စာကိုယ်နဲ့တူတယ်လို့ ဆိုနိုင်တဲ့ "နတ်ကွန်းထဲကဆီမီးလျှံ" အကြောင်းပါပဲ။ ဘယ်လို နတ်ကွန်းလဲ၊ ဘယ်နေရာက နတ်ကွန်းလဲ၊ ဘယ်လိုဆီမီးလျှံမျိုးလဲ။

ဇနီးဖြစ်သူက သေသွားတာလား။ သေသွားရင် သူရောက်ရှိသွားတဲ့ တမလွန်ဆိုတာ ဘယ်လိုမျိုးလဲ။ တမလွန်မှာ ဇနီးဖြစ်သူ ကြုံဆုံရမယ့်သူတွေ၊ အဖြစ်အပျက်တွေက ဘာတွေလဲ။ ဘယ်လို လမ်းဆုံလမ်းခွကို သူရောက်နေတာလဲ။ ကျန်ခဲ့တဲ့ သူ့ ယောက်ျားနဲ့ ခွေးကလေးတို့အပေါ် သူ့ရဲ့ သံယောဇဉ်က ဘယ်လိုလဲ။ သူ့ရဲ့စိတ်ကို လွန်ဆွဲစေမယ့် အကြောင်းအရာတွေက ဘာများဖြစ်မလဲ။ ဇနီးဖြစ်သူနဲ့အတူ စာဖတ်သူပါ လိုက်ပြီး ဆုံးဖြတ်ချက် ချမိနေစေမယ့် အပိုင်းတွေပါပဲ။

ဝေယံဘုန်း
နတ်ကွန်းထဲကဆီမီးလျှံ
#kantkawwutyee
#phwaybookshop
482006
Phway's Book Shop logo
Phway's Book Shop

03. Mai 2026, 15:13

Photo
ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ထားသလဲ
Who Moved My Cheese?

အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့်
ဆရာတင်မောင်မြင့် ဘာသာပြန်
တန်ဖိုး=၇၀၀၀ ကျပ်

🔹ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ ဆိပ်ဖြူ၊ ချောက် မြို့နယ်များ အပါအဝင် ကျန်မြို့နယ်များကို အိမ်ရောက်ငွေချေ (COD) စနစ်ဖြင့် ပို့ဆောင်ပေးပါတယ်ရှင့်။

🔹ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား အပါအဝင် ပြည်ပနိုင်ငံများကိုလည်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်ရှင့်။

တင်မောင်မြင့်
DrSpencerJohnson
#phwaybookshop
536001
Phway's Book Shop logo
Phway's Book Shop

03. Mai 2026, 15:13

Photo
သူများတို့ အိမ်ထောင်ကျပြီး မတော်တဆ သူများ သေသွားရင် သူ နောက်မိန်းမ မယူရဘူးနော်။ မနေပါဘူး။ သူ ယူမယ့် လူကြီးပါ။

နောက် မိန်းမယူရင်
သူများ ဟိုဘဝကနေ ပြုစားမှာပဲ

လေးလေးပင်ပင်ကြီး ပြောနေသည်။ ကျွန်တော်လည်း မရယ်နိုင်တော့ပေ။

ကျွန်တော်သည် သူ့လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ထားနေမိသည်။

မင်းသေရင် ကိုယ်လည်း လိုက်သေမှာပဲ ထင်တယ်။
အခု မင်းပြော သွားတဲ့ စကားတွေကြောင့် ရင်ကွဲနာနဲ့ သေမယ်ထင်တယ်။ လွန်းကြင်ငှက် တွေလိုပေါ့။
တစ်ကောင်သေရင် ကျန်တဲ့တစ်ကောင်ပါ လိုက်သေမှာလေ။

မသိန်းရှင်ဆီပို့ပေးပါ
နိုင်ဝင်းဆွေ
#phwaybookshop
401005

Showing 30 of 40 posts

Rating

Login required

Frequently Asked Questions

Worum geht es im Telegram-Kanal Phway's Book Shop?+

Phway's Book Shop (@phwaybookshop) ist ein Telegram-Kanal in der Kategorie Ebooks & Studienmaterial auf tgdio. Ranking, Bewertungen, Reviews und aktuelle Posts helfen vor dem Abonnieren. Aktuell etwa 2.479 Abonnenten auf tgdio.

Wie trete ich Phway's Book Shop (@phwaybookshop) auf Telegram bei?+

Öffnen Sie das Profil auf tgdio und nutzen Sie Join / Open in Telegram, um @phwaybookshop kostenlos zu abonnieren.

Ist Phway's Book Shop ein guter Ebooks & Studienmaterial-Kanal?+

Auf tgdio können Sie Bewertung, Reviews, Ranking und Posts von Phway's Book Shop prüfen. Aktuell etwa 2.479 Abonnenten auf tgdio. Vergleichen Sie mit ähnlichen Ebooks & Studienmaterial-Kanälen.

Wo sehe ich Stats und Beiträge von Phway's Book Shop?+

Auf tgdio öffnen Sie @phwaybookshop für Abonnenten-Stats, Ranking, Bewertungen und Posts. Stats zeigt Wachstum.